
HELP THE POPA LANGUR
မျိုးစိတ်သစ် ပုပ္ပါးမျောက်မြီးရှည် ကို ရှာဖွေဖော်ထုတ်ခဲ့ကြသော သုတသေနပညာရှင်များကိုဂုဏ်ပြုပါသည်။
ဂျာမနီနိုင်ငံ၊ ဂိုဒင်ဂန်မြို့ရှိ ပရိုင်းမိတ်သုတေသနစင်တာနှင့် မြန်မာနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များအဖွဲ့(FFI)တို့ ဦးဆောင်၍ ပြည်တွင်းပြည်ပ ပညာရှင်များက ကွင်းဆင်းလေ့လာခြင်း၊ သိပ္ပံနည်းကျ မျိုးရိုးဗီဇခွဲခြားခြင်းများ ပြုလုပ်၍ သုတေသနစာတမ်းပြုစုခဲ့ပြီး မြန်မာအမည် ပုပ္ပါးမျောက်မြီးရှည်ဟု ပေးထားသည့် မျောက်မျိုးစိတ်သစ်တစ်မျိုး Popa langur (Trachypithecus popa)ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ပုပ္ပါးမျောက်မြီးရှည် ကို မြန်မာနိုင်ငံအလယ်ပိုင်းတွင်သာတွေ့ရှိရပြီး ကောင်ရေအများဆုံး ကျက်စားနေထိုင်လျက်ရှိသည့် ပုပ္ပါးတောင်ဒေသကို အစွဲပြု၍ ယခုလို အမည်ပေးထားခြင်းဖြစ်သည်။ ပုပ္ပါးတောင်ဧရိယာတွင် ကောင်ရေ ၁၀၀ ကျော်ခန့် တွေ့ရှိနိုင်ပါသည်။ မြန်မာနိုင်ငံတွင် အဆိုပါ မျောက်မျိုးစိတ်ကို ပုပ္ပါးဒေသအပါအဝင် ပဲခူးရိုးမ၊ ပန်းလောင်ပြဒါးလင်း၊ ရသေ့ပြန်တောင် စသည့် နေရာ ၄ နေရာတွင် တွေ့ရှိရပြီး လက်ရှိကာလတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ စုစုပေါင်း ကောင်ရေ ၂၀၀ မှ ၂၅၀ ခန့်သာ ရှိကြောင်း လေ့လာတွေ့ရှိထားသည်။ မြန်မာနိုင်ငံသာတွေ့ရသည့် ဒေသရင်းမျိုးစိတ်(Endemic Species) ဖြစ်ပါသည်။
ပုပ္ပါးမျောက်မြီးရှည်သည် အခြားသော မျောက်မြီးရှည်မျိုးစိတ်များနှင့် မတူကွဲပြားသည့် အမွေးအရောင်၊ အမြီးအရှည်နှင့် ဦးခေါင်းခွံအတိုင်းအတာများ ရှိနေသည်ကို လေ့လာတွေ့ရှိရသည်။ Photos & Fact: Dr. Naw May Lay Thantသုတေသနစာတမ်းhttp://www.zoores.ac.cn/en/article/doi/10.24272/j.issn.2095-8137.2020.254
Crd_WCS Myanmar

ABOUT HELP THE POPA LANGUR
ပုပ္ပားတောင်မကြီး မီးတောင်ချိုင့်ဝှမ်းအတွင်းသစ်တောမှာနေထိုင်သည့် မျောက်မြီးရှည်မျိုးစိတ်ကို ယခင်က မျောက်မျက်ကွင်းပြာအဖြစ်သိရှိခဲ့ကြသော်လည်း DNA စစ်ဆေးတွေ့ရှိမှုအရ မျိုးစိတ်မတူကြောင်းသိရှိရသဖြင့် ပုပ္ပားမျောက်မြီးရှည်အဖြစ် အမည်ပြောင်းလဲပေးခဲ့ကြောင်း ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဂျာမန်ပရိုင်းမိတ်စင်တာနှင့် အပြည်ပြည်ဆိုင်ရာတောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (FFI)တို့ ပူးတွဲကြေညာခဲ့ပါသည်။၎င်း မျောက်မျိုးစိတ်သစ်ကို ပုပ္ပါးတောင်ဒေသ အပြင် ပဲခူးရိုးမ၊ ရှမ်းပြည်နယ်အတွင်းရှိ ပန်းလောင်နှင့်ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော နှင့် ကရင်ပြည်နယ် ရသေ့ပျံလိုဏ်ဂူ တို့မှာလည်း တွေ့ရှိနိုင်ပါသည်။ မျိုးရိုးဗီဇသုတေသန ပညာရှင်များ၏ အဆိုအရ ပုပ္ပားမျောက်မြီးရှည်သည် တစ်ခြားမျိုးရိုးဗီဇ များမှ ခွဲထွက်ပြီး ကိုယ်ပိုင်မျိုးရိုးအနေဖြင့် သီးခြားရပ်တည်လာခဲ့သည်မှာ နှစ်ပေါင်း ၁ သန်းလောက်ကြာပြီဟု တွက်ချက်ခန့်မှန်းထားကြပါသည်။မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ၏ အိုအေစစ် ဖြစ်သော ပုပ္ပားတောင်မကြီးတွင် ၎င်းမျောက်မျိုးစိတ်ကို အများဆုံးတွေ့ရသောကြောင့် ပုပ္ပားတောင်ကို ဂုဏ်ပြုသည့်အနေဖြင့် ပုပ္ပားမျောက်မြီးရှည် (Popa Langur )ဟု နာမည်ပေးထားပြီး သိပ္ပံ နာမည်ကိုလည်း (Trachypithecus popa) ဟု မှတ်တမ်းတင်ထားပါသည်။ ၎င်းမျောက်မျိုးစိတ်များသည် သဘာဝတောတောင်များ မပျက်မစီးပဲ တည်ရှိမှသာ ကောင်းမွန်စွာ နေထိုင်နိုင်ပြီး ဂေဟဗေဒ စနစ် ကောင်းမွန်ခြင်းကို လည်း ညွှန်ပြသော မျိုးစိတ်ဖြစ်ပါသည်။ သဘာဝသစ်တောများထဲမှ သစ်ရွက်နုများ၊ အသီးများကို စားသုံးပြီး ၎င်းတို့ သွားလာရာ လမ်းကြောင်းတစ်လျှောက်တွင် မစင်များ ပြန်လည်စွန့်ပစ်ခြင်းကြောင့် ၎င်းတို့ စွန့်ပစ်လိုက်သော မစင်များထဲမှ သစ်စေ့များ ပြန်လည် အပင်ပေါက်လာခြင်းဖြင့် သစ်တောသစ်ပင်များပြန်လည်ပေါက်ရောက်စေသော မျောက်မျိုးစိတ် ဖြစ်သဖြင့် သစ်တောဂေဟစနစ်ထိန်းသိမ်းရေးတွင် အရေးပါသောမျိုးစိတ်ဖြစ်ပါသည်။ သို့သော်လည်း တရားမဝင် သစ်ထုတ်ယူခြင်း နှင့် စိုက်ပျိုးမြေများ ချဲ့ထွင်လာခြင်း သည် ၎င်းတို့ ရှင်သန်နေထိုင်ရာ သဘာဝသစ်တောများ ကျဉ်းမြောင်း ပျက်စီးဆုံးရှုံးလာရပြီး တရားမဝင် အမဲလိုက်ဖမ်းဆီး ခြင်းများကြောင့်လည်း ၎င်းမျောက်မျိုးစိတ်များသည် မျိုးတုံးပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မျိုးစိတ်လည်းဖြစ်ပါသည်။ပုပ္ပားမျောက်မြီးရှည်သည် ကမ္ဘာမြေပေါ်တွင် နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်း ၁ သန်းခန့် ကြာပြီဖြစ်သော်လည်း ယခု အချိန်အခါတွင် အကောင်ရေ ၂၀၀ မှ ၂၅၀ ခန့်သာ ကျန်ရှိတော့သည့် အတွက် ထိန်းသိမ်းစောင့်ရှောက်ရမည့် သဘာဝ အဖိုးတန်ရတနာတခုဖြစ်ပါသည်။

လက်တစ်လောလုပ် ဆောင်ချက်
6 Oct 2021ပုပ္ပါးတောင်မကြီး ၀န်းကျင်ရှိငါးရံ့ကုန်း၊တောင်ပေါ်၊မြောက်တော၊နတ်ကန်လည် နှင့် တောဇချောင်း ကျေးရွာ ငါးရွာအတွက် မေတ္တာရပ်ခံချက် တော့ထုတ်ပြီးပြီ မနက်ဖြန် သွားဖို့ရှိတယ်ကျွန်တော့ ဖွဘုတ် မိတ်ဆွေတွေထဲမှာ အထက်ပါရွာမှ ဒေသခံများ ရှိမယ်ဆိုရင် ပါ၀င်ပူးပေါင်းချင်ပါတယ်ဆိုရင် ဆက်သွယ်နိုင်ပါတယ်နောက်ထပ်လဲ ကျန်ရှိသောရွာများကို ထားရှိပေးရန်ရှိပါသေးတယ်
လှုံ့ဆော်ဖို့အတွက် ကျွန်တော်မှာ ရန်ပုံငွေမရှိပါအိမ်တွင်းနန်းကို တနေ့က ရောက်တော့ အိမ်တွင်းမင်းမဟာဂီရိကို ပြောခဲ့တယ်ကျွန်တော့မှာ ဒီမျောက်လေးတွေ ကာကွယ်စောင့်ရှောက်ဖို့ အရည်အချင်းရှိမယ် သင့်တော်တယ်လို့ထင်ရင် လုပ်ကိုင်ရသောအခွင့်ကိုပေးပါလို့......အနှောက်ယှက်ပြုသော မည်သို့သောသူဖြစ်စေ ထိုသူ၏ နှေက်ယှက်ခြင်းပြုမည့် အတွေးစိတ်ကူးအတိုင်း ထပ်တူ ထိုသူခံစားရပါစေ.....
တောရိုင်းတိရိစ္ဆာန် ချစ်သူ လူပျိုကြီးတဦး😁တောင်တက်ရင်းခင်တဲ့ မိတ်ဆွ တဦး၊ ပုပ္ပါးသူ တဦး၊ အဝေးရောက်နေတဲ့ ကျောင်းနေဘက် ငယ်သူငယ်ချင်း တဦးအသီးသီး လှူပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်
မဟာဂီရိတောတွင်းတောင်တက်၀န်ဆောင်မှူပုပ္ပါးတောင်ဥယျာဉ်။09422215032

အမဲလိုက်သူတွေကြောင့် မျိုးသုန်းနိုင်ခြေရှိ
ပညာပေး အစီအစဉ်များပြုလုပ်ရန်နှင့် ကာကွယ် စောင့်ရှောက်ရေးအတွက် ရန်ပုံငွေများ လိုအပ်သည်ဖြစ်၍။ အလှူး ငွေများ ပါ၀င်ထဲ့၀င်ကြဖို့ နိုးဆော်လိုက်ရပါသည်။

6 OCT 2021, လုပ်ဆောင်ချက်
Popa Langur, ပုပ္ပါးမျာက်မျက်ကွင်းဖြူများကို ဖမ်းဆီးချင်းမပြုရန် မေတ္တာရပ်ခံခြင်း Vinyl များကို ကျေးရွာငါးရွာတွင် လိုက်လန်ချိတ်စွဲ ပညာပေး အစီအစဉ် ပြုလုပ်ခဲ့ပါသည်။


VOLUNTEERING
မင်းမဟာဂီရိ တောတွင်းတာင်တက်၀န်ဆာင်မှု့ ပြုလုပ်ရင်း ရှားပါးမျိုးစိတ်ဖြစ်သော Popa Langur မျောက်မျက်ကွင်းဖြူ များကို ကာကွယ် စောင့်ရှောက်ရန် အဖွဲ့အစည်းပေါင်းစုံဖြင့် ပူးပေါင်း ဆောင်ရွက် နေသူဖြစ်ပါသည်။
Tin Ko Min
HP No. Myanmar
00959422215032
Facebook Link
https://www.facebook.com/tinko88

CONTACT US FOR DONATION
လှူတန်းလိုသူများအနေဖြင့်
ဖုန်ဘေများလွှဲခြင်းFacebook Massager မှဆက်သွယ်၍
Bank account တောင်ယူ၍ ငွေလွှဲနိုင်ပါသည်။
အလှူရှင်စရင်းကိုလည်း Website မှာဖော်ပြပေးထားမည်ဖြစ်ပါသည်။
Bloger_Minn Theik(Konaing Popa Pozolan)
HP No.Malaysia
0060102413548
Facebook address
https://www.facebook.com/minn.theik.9
Responsible
Tin Ko Min
HP No.Myanmar
00959422215032
Facebook address
https://www.facebook.com/tinko88

WE GO TO TAKE PHOTOS FOR PROMOTE POPA LANGUR
Photos of Popa Langur link
https://drive.google.com/folderview?id=1TeGcY9KHKNTHldkt7w1dZnanw7WFdBHT

ONE TO WATCH: POPA LANGUR PROMOTION
Symbol of independence day
Popa Biker group Twenty miles round trip from Popa to Kyaut Pa Taung for Popa Langur promotion.
See Photo Link
https://drive.google.com/folderview?id=1V9jdkJvBxoMBjFEUSULh3cUKWmcdhhX_

PETE EVANS'S TELL ABOUT POPA LANGUR
A new species of primate discovered in Myanmar!! The Popa langur. Protect Myanmar’s wildlife!!!
https://www.facebook.com/pete.evans.37051
https://m.facebook.com/story.php?story_fbid=714282786164972&id=100027497721120
အလှူရှင်စရင်း DONATION LIST
Minn Theik- Rm 37
